Terms of Service

ရတနာပုံ Web Portal ကို ဝင်ရောက်သုံးစွဲသူများ အနေဖြင့် ရတနာပုံ Web Portal ၏ အသိပေးချက်၊ သတ်မှတ်ချက်များကို သိရှိလိုက်နာပြီးဖြစ်မည်ဟု သတ်မှတ်ပါသည်။ ထို အသိပေးချက်၊ သတ်မှတ်ချက်များကို အခါအားလျော်စွာ ပြင်ဆင် ပြောင်းလဲခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြင်ဆင်ပြောင်းလဲရာတွင် Member များအား အသိပေးမှု ပြုလုပ်သွားမည် မဟုတ်ပါ။

 

ရတနာပုံ Web Portal တွင် လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်မည့် ထူးခြားသည့် ကဏ္ဍများ -

 

News

 

မြန်မာနှင့်ကမ္ဘာတဝှမ်းမှာ နေ့စဉ်ဖြစ်ပေါ်နေသည့် အားကစား၊ ဖျော်ဖြေရေး၊ နည်းပညာ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်စသည့် ကဏ္ဍမျိုးစုံ သတင်းများကို အချိန်နှင့် တပြေးညီ ဖော်ပြပေးသွားပါမည်။ သတင်းထူး သတင်းဦးများကို အရုပ်၊ အသံ၊ ဗီဒီယိုဖိုင်များဖြင့်လည်း ဖော်ပြပေးသွားမည်ဖြစ်ပြီး တစ်နေရာတည်းမှ တစ်ကမ္ဘာလုံးကို မြင်တွေ့နေ့သကဲ့သို့ ခံစားနိုင်မည် ဖြစ်ပါသည်။

 

Blog

 

မိမိ၏ ခံစားချက်များ၊ မိမိ သိထားသည့် ဗဟုသုတ အကြောင်းအရာများကို အွန်လိုင်းပေါ်မှ မျှဝေပေးလိုသူများအတွက် ရတနာပုံဘလော့ဂ်မှာ ဝင်ရောက်ရေးသားနိုင်မည် ဖြစ်ပါသည်။

 

Forum

 

ရတနာပုံဖိုရမ်တွင် အကြောင်းအရာတစ်ခု၊ ယုံကြည်ချက် တစ်စုံတစ်ရာကို အပြုသဘော ဆွေးနွေးနိုင်ကြပါမည်။ ဝါသနာတူ မိတ်ဆွေသူငယ်ချင်းအချင်းချင်း သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးဖလှယ်နိုင်ကြမည့် နေရာတစ်ခု ဖြစ်ပါသည်။

 

Social Networking

 

ယနေ့ခေတ်တွင် အင်တာနက်အသုံးပြုသူတိုင်း လူမှုကွန်ယက်တစ်ခုကို အလွယ်တကူ တည်ဆောက်နေကြပါသည်။ နိုင်ငံတကာမှ အောင်မြင်နေသည့် Social Networking ဝက်ဘ်ဆိုက်များကဲ့သို့ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန် တည်ဆောက်ပေးထားပါသည်။ မိမိတို့၏ ဓာတ်ပုံ၊ ဗီဒီယိုများ စိတ်ကြိုက် upload တင်ထားနိုင်ပါမည်။ မိတ်ဆွေသူငယ်ချင်းများ ကမ္ဘာ့နေရာအသီးသီးတွင် ရောက်ရှိနေသော်လည်း နေ့စဉ်ဆုံတွေ့နိုင်ကြမည့် နေရာတစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။

 

Yatanarpon Mail

 

ရတနာပုံ Web Portal ၏ Member တိုင်းအတွက် အချက်အလက် ပမာဏ 200MB သိမ်းဆည်းထားနိုင်မည့် ရတနာပုံအီးမေးလ် (Yatanarpon Mail) တစ်ခုစီ ရရှိသုံးစွဲနိုင်ပါမည်။ မိမိ၏ ကိုယ်ရေးကိုယ်တာများအတွက် လုံခြုံစိတ်ချရပြီး Spam ဝင်ရောက်နိုင်မှု နည်းပါးသည့် ရတနာပုံအီးမေးလ်ကို ရတနာပုံ Member တိုင်း လွယ်ကူစွာရယူ အသုံးပြုနိုင်ပါသည်။

 

Article

 

ပညာရှင်များ၊ စာရေးဆရာ၊ ဆရာမများနှင့် နယ်ပယ်အလိုက် ကျွမ်းကျင်သူတို့၏ သုတ၊ ရသဆောင်းပါးများကို စုစည်း ဖော်ပြပေးသွားပါမည်။

 

Movie

နိုင်ငံတကာရုပ်ရှင် ဝေဖန်သုံးသပ်ချက်များနှင့်အတူ ကမ္ဘာကျော် မင်းသား၊ မင်းသမီးတို့နှင့် အင်တာဗျူး အစီအစဉ်များ၊ အကောင်းဆုံး ရုပ်ရှင်၊ ဗီဒီယိုများ၊ Movie Making များကို ရတနာပုံ Web Portal တွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

 

My Yatanarpon

 

ရတနာပုံ Web Portal တွင် အသင်းဝင်အဖြစ် မှတ်ပုံတင်ထားသော Member တိုင်း ဝင်ရောက်အသုံးပြုနိုင်မည့် နေရာဖြစ်ပါသည်။ Member အချင်းချင်း မိတ်ဖွဲ့နိုင်ခြင်း၊ ဓာတ်ပုံ၊ ဗီဒီယိုများ မျှဝေနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါမည်။ ထို့အပြင် Member အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်မည့် Private Messageနှင့် Instant Message ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပါမည်။

 

Photo Gallery

 

ရတနာပုံ Member များအတွက် နှစ်သက်ရာ ဓာတ်ပုံများကို upload ပြုလုပ် သိမ်းဆည်းထားနိုင်ပါမည်။ Member အချင်းချင်း ဓာတ်ပုံများကို အပြန်အလှန် ဝေမျှကြည့်ရှုနိုင်ပြီး comment ပေးနိုင်မည် ဖြစ်ပါသည်။

 

Special Privilege

 

ရတနာပုံ Web Portal တွင် အသင်းဝင်အဖြစ် မှတ်ပုံတင်ထားသည့် Member တိုင်းအတွက် အထူးဝန်ဆောင်မှု ပေးသွားမည့် အစီအစဉ် ဖြစ်ပါသည်။ ရတနာပုံ Web Portal Member များအတွက် ဖုန်းဘေလ်ဆောင်ခြင်း၊ မီတာခပေးသွင်းခြင်း၊ ဈေးဝယ်ခြင်းစသည်တို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ဝန်ဆောင်မှုပေးသွားပါမည်။ Member များအနေဖြင့် ကြိုတင်ငွေပေးကတ် (Prepaid Card) ဝယ်ယူထားပြီး ထိုဝန်ဆောင်မှုကို အသုံးနိုင်မည် ဖြစ်ပါသည်။

Copyright © 2013 Yatanarpon, All rights reserved.