Photo

Life is Strange Episode 3 : Chaos Theory Reviwe

By Internet Journal 30 July, 2015 - 16:17

2015 ခုနှစ်ဟာ Episode တစ်ခုချင်းအလိုက် ရောင်းချတဲ့ ဂိမ်းတွေ အများဆုံး ထွက်တဲ့ နှစ်လို့ ပြောရလောကအောင် Episodic ဂိမ်းသစ်တွေ အများအပြား ထွက်ရှိလျက်ရှိပါတယ်။  Developer Telltale Games ရဲ့ Game of Thrones နှင့် Talws from Borderlands စီးရီးနှင့် နောက်ပိုင်းထွက်လာမည့် Minecraft Story Mode, ပြီးတော့ Capcom ရဲ့ Revelations 2 Series တွေနှင့်အတူ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းစီးရီး နောက်တစ်ခုကတော့ Science Fiction  Action ဂိမ်း remeber Me ကို ရေးဆွဲခဲ့တဲ့ developer  Dontnod Entertainment က ဖန်တီးထားတဲ့ Life is Strange ဂိမ်း စီးရီးပဲ ဖြစ်ပါတယ်။  2015 ခုနှစ်အစောပိုင်းမှာ Episode 1 ထွက်ရှိထားတာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ဇာတ်သိမ်းပိုင်းအထိ အပိုင်းငါးပိုင်း ထွက်ရှိဖို့ ရည်ရွယ်ထားတယ်လို့ Publisher Square Enix က ကြော်ငြာထားပါတယ်။ Life is Strage ဂိမ်းစီးရီးဟာ အချိန်တွေကို နောက်ပြန်ဆွဲနိုင်တဲ့ time rewinding ability ကို အသားပေးထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Action အသားပေး စွန့်စားခန်း ပုံစံမျိုးထက် ဇာတ်လမ်းပိုင်းနှင့်အတူ Puzzle ပိုင်းများနှင့် exploration ပိုင်းများကို အသားပေးထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

Life is Strage ဂိမ်းမှာ ကစားသူဟာ Arcadia Bayi Oregon က ဓာတ်ပုံပညာသင်ယူနေတဲ့ ကျောင်းသူလေး Maxine Caulfield (Max) နေရာက ကစားမှာ ဖြစ်ပြီး ဇာတ်လမ်းအစပိုင်း ကျောင်းတက်နေချိန် အတွင်းမှာပဲ အချိန်တွေကို နောက်ပြန်ဆွဲနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို လူသတ်မှု တစ်ခုကို တားဖို့ ကြိုးစားခြင်း သိရှိခဲ့ရပုံ ဇာတ်လမ်းဆင်ထားပါတယ်။ Max အနေနှင့် အချိန်နောက်ပြန်ဆွဲနိုင်တယ် ဆိုပေမယ့် ရက်ပေါင်း၊ လပေါင်းများစွာ အချိန်ကို လူကိုယ်တိုင် ပြန်သွားနိုင်တဲ့ time teavelling ability ပုံစံမဟုတ်ဘဲ tap ခွေတွေ နောက်ပြန်ရစ်သလို Rewind လုပ်လို့ရတဲ့ အစွမ်းမျိုးလုပ်ထားတဲ့အတွက်ကြောင့် အချိန်အကြာကြီး နောက်ပြန်သွားတာ မဟုတ်ဘဲ မိနစ်ပိုင်းသာ သွားလို့ရတဲ့ ပုံစံလုပ်ထားပါတယ်။ အမျိုးသမီး ဇာတ်ကောင်တွေကိုပဲ အဓိက ဇာတ်လိုက်တွေအဖြစ် အသားပေးထားတဲ့ Life is Strange ဂိမ်းမှာ Maxine Caulfield အနေနှင့် သူမရဲ့ ငယ်သူငယ်ချင်းဟောင်း Chloe Price နှင့် ပြန်လည်ဆုံတွေ့ပြီး နောက်မှာတော့ ထူးဆန်စွာ ပျောက်ဆုံးနေတဲ့ Rachel Amber အမည်ရ ကျောင်းသူလေးကို သူမရဲ့ အစွမ်းတွေ အသုံးပြုပြီး ပြန်လည်ရှာဖွေပုံ ဇာတ်လမ်းစထားပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာပျက်နိုင်လောက်တဲ့အထိ ဆိုးရွားတဲ့  အဖြစ်အပျက်တွေနှင့် သူ့ရဲ့ time rewinding အစွမ်းကို အသုံးပြုပြီး ပြုပြင်ပြောင်းလဲနိုင်တဲ့ အချက်တွေ ဆပ်စပ်နေပုံကို မြင်တွေကရမှာ ဖြစ်ပါတယ်။

အချိန်ခရီးသွားလာခြင်းမှာ အဓိက အသုံးပြုတဲ့ Butterfly effect theory ကို အခြေခံပြီးတော့ အတိတ်က ပြောင်းလဲမှုများဟာ အနာဂတ်ကာလအပေါ်မှာ မှန်းဆလို့ မရတဲ့ အဖြစ်အပျက်ပေါင်းများစွာဖြင့် အကျိုးသက်ရောက်မှုရှိပုံကို အခြေခ့ပြီးတော့ Max ရဲ့ Rewind ability အစွမ်းကို အသုံးချရမှာ ဖြစ်ပြီး ဂိမ်းရဲ့ storyline ကြာလာတာနှင့်အမျှ Max အနေနှင့် အရင်ထက်ပိုပြီး ဝေးကွာတဲ့ အချိန်များထိ နောက်ပြန်ဆွဲလာနိုင်တာ တွေ့ရပါတယ်။ puzzle ပိုင်းအတွက်လည်း ပုံစံသစ်တွေ မိတ်ဆက်ပေးနိုင်ခဲ့ပြီး အချိန်ကြာလာတာနှင့်အမျှ ကစားသူနှင့် အတူ Max ကိုယ်တိုင်လည်း သူ့ရဲ့ အစွမ်းတွေကို ပိုပြီး အကျိုးရှိစွာ အသုံးချနိုင်လာတာ တွေ့ရပါတယ်။ အရေးကြီးတဲ့စကားတွေ ဘယ်အချိန်မှာ ပြောမယ်ဆိုတာကို မှတ်ပြီး အတိတ်ပြန်သွားတဲ့ dialoge puzzel တွေ အခန်းတွေကို ဗုံး တွေနှင့် ဖောက်ပြီးတော့ အခန်းတွင်း ဝင်ပြီး အပေါက်ပြန်ပိတ်အောင် အတိတ်ကို အချိန်ရွေ့လိုက်တာ အစရှိသဖြင့် puzzel ပုံစံသစ်တွေလည်း ထပ်ပြီး ဝင်လာပါတယ်။

တစ်ဂိမ်းလုံးအတွင်းသာ အချိန်တွေကိုတော့ rewind လုပ်နိုင်မှာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ checkpoint ကို ကျော်လွန်သွားတိုင်း မိမိ အသုံးပြုထားတဲ့ dialogue နှင့် ရွေးချယ်မှုတွေ အားလုံးကို ဂိမ်းက မှတ်သွားမှာ ဖြစ်လို့ checkpoint မတိုင်ခင် အချိန်တိုင်း စိတ်ကြိုက်ရွေးချယ်မှုတွေ ပြန်ပြင်နိုင်ပေမည့် checkpoint အပြီး နောက်ပိုင်း chapter တွေမှာဆိုင်တော့ ပုံသေသတ်မှတ်ခြင်း ခံထားရတဲ့ ရွေးချယ်မှုတွေက ဇာတ်လမ်းကို ပြောင်းလဲသွားစေနိုင်မှာပါ။ အရင် Episode တွေထဲက ရွေးချယ်မှုတွေဟာ Episode 3 storyline မှာ အကျိုးသက်ရောက်မှု ရှိနေမှာ ဖြစ်ပြိး တကယ်လို့ အရင် Episode တွေ မဆော့သေးသူတွေ save files မရှိတော့သူတွေအတွက် auto-decision ရွေးချယ်မှု ပါဝင်ထားပါတယ်။

visual nove ဇာတ်လမ်းဆန်ဆန် high school ဂိမ်းနှင့် Science flction ပုံစံရောစပ်ထားတဲ့ အချိန် နောက်ပြန်ဆွဲနိုင်တဲ့ time rewind ability တို့က life is Strange ရဲ့ ထူးခြားချက်တွေ ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေလည်း အများကြီး ပါဝင်ထာါးပတယ်။ နောက်ပိုင်း ဆက်ထွက်လာမည့် Episode 4 မှာဆိုရင်လည်း Max အနေနှင့် ပိုမိုဆန်းပြားတဲ့ စွမ်းအင် သစ်တွေကို တွေ့ရှိဦးမှာမို့ Adventure နှင့် Science Fiction ဂိမ်းပရိသတ်တွေ သဘောကျမယ့် ဂိမ်းသစ် ဖြစ်တာ တွေ့ရပါတယ်။

နေအောင်လတ်

http://www.internetjournal.media/

Your rating: None Average: 4.5 (2 votes)