Photo

ဇာတ်လမ်းတွဲ အသစ်နှစ်ခုနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ မေမြင့်မိုရ်

By 7Day News 21 April, 2018 - 16:43

ပုဂံတွင် သုံးလခန့်အချိန် ယူ ရိုက်ကူးခဲ့သည့် ‘ပုဂံမြို့သူ’ ဇာတ်လမ်းတွဲသည် ပရိသတ်များ အချိန်ပေး ကြည့်ရသည်နှင့် တန်သည့် ဇာတ်ကားဖြစ်မည်ဟု မေမြင့်မိုရ်က ပြောသည်။


‘‘ညီမတို့ တော်တော်ကြိုးစား ထားတယ်။ ချောက်ကမ်းပါးက ခုန်ချတဲ့ ဆင်းန်တွေလည်း ပါ တယ်။ ဆင်းန်တိုင်းကို ဘယ်လိုလုပ်ရမယ်ဆိုတာ ဦးမောင်(ဒါရိုက်တာကျော်သူ) က သေချာ သင်ပေးတယ်။ ညီမက နှစ်ဘ၀ သရုပ်ဆောင်ရတာ’’ဟု ၎င်းက ပြောသည်။

ယင်းဇာတ်လမ်းတွဲကို ဒါရိုက်တာကျော်သူက  ရိုက်ကူးပြီး ဒေါင်းနှင့်  မေမြင့်မိုရ်တို့  အဓိက ပါဝင် သရုပ်ဆောင်ထားသည်။

‘‘ပုဂံမြို့သူက ညီမအတွက် ထူးထူးခြားခြား ဇာတ်လမ်းတွဲလေး ဖြစ်မယ်လို့ ထင်တယ်။ ညီမအရင်က ရိုက်ဖူးတဲ့ ဇာတ်ကားတွေနဲ့လည်း မတူဘူး။ ပုဂံမှာလည်း သွားရိုက်ထားတယ်။ ပုဂံခေတ်ရော၊  ဒီခေတ်ရောပါတယ်။ ပြီး တော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကလည်း အရမ်း ကောင်းတဲ့အတွက် ညီမ ကိုယ်တိုင်လည်း အရမ်းကြိုက်တယ်’’ ဟု မေမြင့်မိုရ်က ပြောသည်။

ယင်းဇာတ်လမ်းတွဲကို ယခု နှစ်လယ်ပိုင်းတွင် MRTV 4  ရုပ် သံလိုင်းမှ ပြသမည် ဖြစ်သောကြောင့် ရိုက်ကူးချိန်နှင့် ကွာဟမှု မရှိသလို ပရိသတ်များ နှစ်သက်မည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

‘‘မေလထဲမှာ ညီမရဲ့ ‘အရိပ်’ ဇာတ်လမ်းတွဲ စပြမှာ။ အဲဒီအတွက်လည်း ရင်ခုန်နေတယ်။ ပုဂံ မြို့သူက နှစ်လယ်ပိုင်းမှာ ပြမှာဆိုတော့ ဒီနှစ်မှာညီမက ဇာတ်လမ်းတွဲတွေနဲ့ ရင်ခုန်စရာများနေတာပေါ့’’ဟု ၂၀၁၈  အတွင်း ၎င်းပါ ၀င်သရုပ်ဆောင်ထားသည့် ဇာတ်လမ်းတွဲများ ထုတ်လွှင့်ပြသမည့် အပေါ် ခံစားချက်ကို ပြောသည်။

အရိပ်ဇာတ်လမ်းတွဲတွင် ၀ါရင့်အနုပညာရှင်များနှင့်အတူ ပါဝင် သရုပ်ဆောင်ထားပြီး ၎င်းသရုပ်ဆောင်နေကျ မဟုတ်သည့် ကာရိုက်တာမျိုး ဖြစ်ကြောင်း ဆိုသည်။

အရိပ်ဇာတ်လမ်းတွဲသည် တစ်ခေတ်တစ်ခါက သရုပ်ဆောင် ပန်းဖြူ၏ အောင်မြင်ကျော်ကြားခဲ့သော ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခြင်း ဖြစ်ပြီး မစန္ဒာ၏ ၀တ္ထုဖြစ်aကာ ယင်းဇာတ်ကားဖြင့် ပန်းဖြူ အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သည်။

ဇွဲဉာဏ်
Location - ရန်ကုန်
Issue No. 1776 Saturday, April 21, 2018

 

http://www.7daydaily.com

Your rating: None Average: 5 (1 vote)