Photo

မုံရွာစီးပွားရေး တက္ကသိုလ်တွင် MBA နှင့် MPA သင်တန်းများ ဇွန်လတွင်ဖွင့်လှစ်မည်

By Internet Journal 21 April, 2018 - 15:26

မုံရွာစီးပွားရေးတက္ကသိုလ်၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MBA) နဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်းတွေကို ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ ဖွင့်လှစ်သင် ကြားပေးသွားမယ်လို့ သိရပါတယ်။


သင်တန်းတွေကို အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိသူတွေ လျှောက်ထားနိုင်ကာ MBA သင်တန်းအတွက် စီးပွားရေး လုပ်ငန်းများမှာ စီမံခန့်ခွဲမှု အဆင့်အလိုက် လုပ်ကိုင်နေသူတွေနဲ့ MPA သင်တန်းအတွက် ဌာနဆိုင်ရာနှင့် လူမှုစီးပွားရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ အဖွဲ့အစည်းများမှ ၀န်ထမ်းများကို ဦးစားပေးသွားမှာပါ။

သင်တန်းတွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို မုံရွာစီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနနဲ့ ဘောဂဗေဒဌာနမှာ ၀ယ်ယူနိုင်ပါတယ်။

သင်တန်းလျှောက်လွှာတွေကို ဧပြီလ ၂၃ ရက်မှစတင်ကာ ရယူနိုင်ပြီး မေလ ၁၅ ရက်နောက်ဆုံးထား ပြန်လည်တင်သွင်း ရမှာဖြစ်ပါတယ်။ MBA သင်တန်းအတွက် ၀င်ခွင့် ရေးဖြေစာမေးပွဲကို မေလ ၁၇ ရက်နဲ့ နှုတ်ဖြေစာမေးပွဲကို မေလ ၂၄ ရက်မှာ လည်းကောင်း၊ MPA သင်တန်းအတွက် ၀င်ခွင့် ရေးဖြေစာမေးပွဲကို မေလ ၁၈ ရက်နဲ့ နှုတ်ဖြေစာမေးပွဲကို မေလ ၂၅ ရက်မှာ လည်းကောင်း ပြုလုပ်သွားမှာပါ။

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ် သိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ် သင်တန်းရေးရာဌာန ဖုန်း – ၀၉-၇၉၅၂၁၉၁၅၁၊ စီမံခန့်ခွဲမှု ပညာဌာန(MBA) ၀၉-၄၄၂၉၃၄၂၂၅၊ ဘောဂဗေဒဌာန(MPA) ၀၉-၇၈၉၉၅၁၀၁၉ တွေကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

သန္တာ

 

http://www.internetjournal.media

Your rating: None Average: 5 (1 vote)