Photo

အထုပ်ကလေး ဆရာတော် ဟောပြောမှုနှင့် ပတ်သက်၍ ၀န်ကြီးဌာန သတင်းထုတ်ပြန်

By 7Day News 21 April, 2018 - 14:21

အထုပ်ကလေး ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသ၏ ဟောပြောမှုများသည် ထေရ၀ါဒပိဋ ကတ်တော်များနှင့် ညီညွတ်မှုမရှိသဖြင့် ဆက်လက် ဟောပြောခြင်း မပြုရန် ၀န်ခံကတိ ရေးထိုးထားပြီး ချိုးဖောက်ပါက တည်ဆဲဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း

သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော အထုပ်ကလေး ဆရာတော်၏ ဟောပြောချက်နှင့် ပတ်သက်၍ တိုက်ကြီးမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်)က ပိဋကတ်တော်များနှင့် ညီညွတ်မှု မရှိ၍ ဟောပြောခြင်း မပြုရန် ဧပြီ ၁၂ ရက်တွင် သြ၀ါဒပေးခဲ့သည်။

မလိုက်နာပါက သံဃာ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူခံရမည် ဖြစ်ကြောင်း ထပ်မံသြ၀ါဒပေးခဲ့ပြီး အထုပ်ကလေး ဆရာတော်ကလည်း မြို့နယ်သံဃနာယကအဖွဲ့၏ သြ၀ါဒကို လိုက်နာမည်ဟု ၀န်ခံကတိပြုကြောင်း  သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဗုဒ္ဓဂုဏ်ရည် သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် မတ်လ ၂၅ ရက်က ‘အထုပ်ကလေး ဆရာတော်ပြောတဲ့ ဓမ္မ’ခေါင်းစဉ်ဖြင့် ရုပ်သံမှတ်တမ်း ခြောက်ပိုင်းကို  ဖော်ပြရာ အထုပ်ကလေး ဆရာတော်က ‘‘သစ္စာအသိနဲ့ အကုန်သိသွားပြီ ဆိုရင်တော့ ဒီအရုပ်မျိုးစုံတွေ မပြောပါနဲ့ ဘုရားစေတီချွန်ချွန်ကြီးတွေ ဘုရားရုပ်ပွားတော်ကအစေ-ျး တက်ပါလည်း ရပါတယ်’’ဟု ပြောကြားသည်။

ထိုသို့မိန့်ကြားမှုအပေါ် သံဃာတော် အချို့အပါအ၀င် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အသုံးပြုသူများက ဝေဖန်မှုများ ရှိသည်။ ထို့အပြင် အထုပ်ကလေး ဆရာတော်က ‘‘ကိုယ်ရဲ့ ဖောက်ပြန်မှုတရားကိုပဲ ကြိုးစားမှုနဲ့ သဒ္ဓါထား၊ ၀ီရိယထားပြီးတော့ နင်လား၊ ငါလား ကြိုးစားသွားရင် ဒီချွန်ချွန်ဘုရားကြီးတောင်မှ ရှိမခိုးတော့ပါဘူး’’ ဟုလည်း အထက်ပါရုပ်သံဖိုင်များအတွင်း ပြောကြားသည်။

တိုက်ကြီးမြို့နယ် ကျိုက်စကိုင်းကျေးရွာ အထုပ်ကလေး ရိပ်သာ၏ ဦးစီးပဓာန အထုပ်ကလေး ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသသည် ရွှေကျင်ဂိုဏ်းဝင် သံဃာတော် တစ်ပါးဖြစ်ကာ သက်တော် (၆၀)၊ ၀ါတော် (၂၉)၀ါရှိပြီး ပရိယတ္တိ စာပေများ သင်ကြားဖူးခြင်း  မရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်လင်း
Location - ရန်ကုန်
Issue No. 1776 Saturday, April 21, 2018

 

http://www.7daydaily.com

Your rating: None Average: 5 (1 vote)