Photo

တရားမဝင် သယ်ဆောင်လာသည့် နိုင်ငံခြားဖြစ် ဆေးဝါး ၂၁ မျိုးနှင့် ဆေးဘူး ၉၂ ဖာကို မန္တလေးမြို့ သီရိမန္တလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် ဖမ်းဆီးရမိ

By Yangon Times Journal 10 December, 2017 - 22:32

ကလေးမြို့မှ မန္တလေးမြို့သို့ တရားမဝင် သယ်ဆောင်လာသည့် နိုင်ငံခြားဖြစ် ဆေးဝါး ၂၁ မျိုး၊ ဆေးဘူးပေါင်း ၉၂ ဖာကို မန္တလေးမြို့သီရိမန္တလာ ယာဉ်ရပ်နား စခန်းတွင် ဒီဇင်ဘာ ၈ ရက် နံနက် ၅ နာရီက ဖမ်းဆီး အရေးယူထားကြောင်း

မန္တလေးမြို့တော် စည်ပင်သာယာရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။ ''ဆေးတွေကို သယ်ယူမယ် တင်ပို့မယ်ဆိုရင် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ အခုဆေးတွေက အိန္ဒိယဘက်က သယ်လာတာလို့ ယူဆတယ်။ ဆေးမျိုးကတော့ တော်တော်စုံပါတယ်။ အားလုံးပေါင်း ၂၁ မျိုးရှိတယ်။ အခုအမှုဖွင့် အရေးယူဖို့ လုပ်နေပါတယ်''ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအောင်က ပြောကြားသည်။

သီရိမန္တလာ ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိလာသော ချင်းတောင်တန်း (ကလေး-တမူး-မန္တလေး) ခရီးသည်တင် ယာဉ်လိုင်းမှ မှတ်ပုံတင်မထားသော ထိုးဆေး၊ စားဆေး ၉၂ ဖာကို စည်ပင်သာယာရေး ရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ကားတွင်း စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များက ကားများကို စစ်ဆေးရာမှ ဆေးများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသော ဆေးများတွင် ထိုးဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ ပုံစံမျိုးစုံပါဝင်ပြီး အား ဆေး၊ အဖျားဖြတ်ဆေး၊ လိင်အားတိုး ဆေးများလည်း ပါဝင်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အောင် မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းတွင် စည်ပင်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်မျိုးနိုင်မှ တရားလိုပြုလုပ်၍ ဆေးဝါးများကို တရားမဝင် လက်ဝယ်သယ် ဆောင်လာသူ ယာဉ်မောင်းအောင်ကြည်ဦး အသက် (၃၁)နှစ်နှင့် ယာဉ်နောက်လိုက် ဇော်ဋ္ဌေးအသက် (၃၁) နှစ် ကလေးမြို့နေသူ နှစ်ဦးတို့အား (ပ) ၅၁ဝ/၂ဝ၁၇ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MTK
မန္တလေး၊ ဒီဇင်ဘာ ၈
#DemocracyToday

 

Ref: Yangon Media Group
https://web.facebook.com/YangonMediaGroup

Your rating: None Average: 5 (1 vote)