Photo

အိမ်ထောင်ပြုဖို့ အသက်(၃၅)နှစ်အထိ ရွှေ့ဆိုင်းထားတဲ့ အေးမြတ်သူ

By 7Day News 29 November, 2017 - 00:12

ယခင်က အသက်(၃၀) ဝန်းကျင်တွင် အိမ်ထောင်ပြုရန် စိတ်ကူးထားပြီး    ဖြစ်မလာဘဲ လက်ရှိ၌ ချစ်သူရှိပြီ ဖြစ်သော် လည်း (၃၅)နှစ်တွင် အိမ်ထောင်ပြုမည်ဖြစ်ကြောင်း သရုပ်ဆောင်အေးမြတ်သူက ပြောသည်။


‘‘အေးမြတ်သူ (၃၅)လောက် တော့ မှန်းထားပါတယ်။ လူတွေ က ကိုယ့်ရဲ့စားဝတ်နေရေးအ တွက် လှုပ်ရှားရုန်းကန်နေရတဲ့အ တွက် အချိန်ရရင် ရသလိုတော့ ကိုယ့်ချစ်သူကို အချိန်ပေးဖြစ်ပါ တယ်။ တအားကြီးတော့ သည်း သည်းလှုပ်မနေနိုင်ဘူးပေါ့။ ရတဲ့ အချိန်လေးတွေတော့ ပေးဖြစ်ပါ တယ်။ ခရီးသွားတဲ့အချိန်ဆို လွမ်း တဲ့ အကြောင်းလေးတွေ တင်ပြီးလှမ်းလှမ်းချုပ်ရတာပေါ့’’ဟု နိုဝင် ဘာ ၂၆ ရက်က သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း၏မင်္ဂလာဧည့်ခံ ပွဲသို့ တက်ရောက်လာသည့် ၎င်း က ပြောသည်။

နန်းမြတ်ဖြိုးသင်း၏မင်္ဂလာ အကြိုဓာတ်ပုံများ လူမှုကွန်ရက် တွင် တက်လာစဉ်ကတည်းက ချက်ချင်း မင်္ဂလာဆောင်လိုသည် အထိ အားကျခဲ့ပြီး ၎င်း၏မင်္ဂလာ ပွဲအစီအစဉ်နှင့်ပတ်သက်ပြီး ယခု ကဲ့သို့ ပြောသည်။

‘‘စိတ်ကူးလေးတော့ ရှိပါ တယ်။ ဒါပေမဲ့ အေးမြတ်သူတို့ ကျတော့လည်း အဲဒီလောက်ကြီး အကြီးကြီးတော့ မမျှော်မှန်းရဲပါ ဘူး။ နန်းမြတ်ကတော့ တကယ့် ကို ကံကောင်းတဲ့ မိန်းကလေးပါ။ မိန်းကလေးတိုင်းက အဲဒီလိုစိတ် ကူးတွေ ရှိပေမယ့် တကယ်အ ကောင်အထည်ဖော်ဖို့က တအား ကို ခက်ခဲတယ်။ ဘာပဲပြောပြော ကုန်ကျစရိတ်တွေရှိတယ်။ သွား ရေးလာရေးစရိတ်တွေရှိတယ်။ ဒါတွေအားလုံးကို နန်းမြတ်ရဲ့ခင် ပွန်းလောင်းက လိုက်လျောပေး တယ်။ ကိုယ်တွေအလှည့်ကျရင် လည်း ကိုယ့်ခင်ပွန်းလောင်းက မလိုက်လျောဘူးမဟုတ်ဘူး။ အ ခြေအနေအချိန်အခါနဲ့ သုံးစွဲရမယ့်ဘတ်ဂျက်တွေ ရှိသေးတာကိုး။ အဲဒါကြောင့် နန်းမြတ်ကို တကယ် အားကျတယ်။ မိန်းကလေးတိုင်း စိတ်ကူးအိပ်မက်ကို အကောင်အ ထည်ဖော်ပေးနိုင်တဲ့ အမျိုးသားနဲ့ လက်တွဲခွင့်ရတဲ့အတွက်ပေါ့’’ဟု အေးမြတ်သူက ပြောသည်။

လက်ရှိတွင် အနုပညာလှုပ် ရှားမှုအဖြစ် ရုပ်ရှင်ကားနှင့် ဇာတ်လမ်းတွဲများ လက်ခံထားသည်ဟု ၎င်းက ပြောသည်။

ခင်ဆွေသက်
Location - ရန်ကုန်
No.1640 Tuesday, November 28, 2017

http://www.7daydaily.com

Your rating: None Average: 5 (1 vote)