Photo

ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်

By 7Day News 20 November, 2017 - 00:26

ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးတွင် ပြုလုပ်မည့် (၁၂)ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်၌ စတင် ကျင်းပမည် ဖြစ်ကြောင်း ကန်တော်ကြီး ဥယျာဉ် မန်နေဂျာ ဦးဝေမျိုးအောင်က ပြောသည်။


ယမန်နှစ်ကပြုလုပ်သည့် ပြင်ဦးလွင် ပန်းပွဲတော်သို့ လာရောက် လည်ပတ်ကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ−စည်သူလင်း)

ဒီဇင်ဘာ ၁၆ ရက်ကစတင် ကာ ၃၁ ရက်အထိ နှစ်ပတ်ကြာ ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၄ နှင့် ၂၅ ရက်တွင် တေးဂီတဖျော်ဖြေပွဲများ ထည့်သွင်း ကျင်းပမည်ဟု ၎င်းက ပြောသည်။

‘‘ပွဲတော်ကာလကတော့ နှစ်ပတ်ပဲကျင်းပမှာ။ ဒါပေမဲ့ ခါတိုင်း နှစ်တွေလိုပဲ ပန်းတွေ သက်တမ်း ရှိရင်ရှိသလောက် ဆက်ပြမှာပေါ့။ ဂီတဖျော်ဖြေပွဲရှိမယ်။ အဆိုတော်တွေကိုတော့ မသိရသေးဘူး။ အခုချိတ်ဆက် နေတုန်းပါပဲ’’ဟု ဦးဝေမျိုးအောင်က ပြောသည်။

ပွဲတော်ကျင်းပနိုင်ရန် လက်ရှိပြင်ဆင်မှုများ ဆောင်ရွက်နေပြီး ပြပွဲတစ်ခုလုံးတွင် ပန်းအတု ၃၀ ရာခိုင်နှုန်းနှင့် ပန်းအစစ် ၇၀ ရာခိုင်နှုန်းခန့် ထည့်သွင်းကာ ပန်းပွင့်ပေါင်း တစ်သိန်း နှစ်သောင်းကျော်ဖြင့် ရုပ်လုံး၊ ရုပ်ကြွများ ပုံဖော်ကာ ပြသမည် ဖြစ်ကြောင်း အဆိုပါ ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းထူးက ပြောကြားထားသည်။

အမျိုးသား ကန်တော်ကြီး ဥယျာဉ်ဝင်ကြေးသည် လူကြီးတစ်ဦး ကျပ် ၁,၀၀၀ နှင့် ကလေးတစ်ဦး ကျပ် ၅၀၀ သတ်မှတ်ထားပြီး ပွဲတော်ကျင်းပနေစဉ် ကာလတွင်လည်း နှုန်းထားများ ပြောင်းလဲ ကောက်ခံမည် မဟုတ်ကြောင်း ဦးကျော်လင်းထူးက ပြောသည်။

ကန်တော်ကြီးတွင် မျိုးစုံပြသထားသော ပန်းများအပြင် လိပ်ပြာပြတိုက်၊ အင်ကြင်းပြတိုက်၊ ရုပ်ကြွင်းပြတိုက်၊ သစ်ခွ ဥယျာဉ် စသည်တို့လည်း ရှိပြီး ၂၀၁၆ ဒီဇင်ဘာပန်းပွဲတော်ကာ လတွင် လူဦးရေ သုံးသိန်းကျော် လာရောက်ခဲ့ကြောင်း ဆိုသည်။

အမျိုးသား ကန်တော်ကြီး ဥယျာဉ်ကို သစ်တောဦးစီးဌာနမှ Htoo Foundation Group သို့ ၂၀၀၈ ခုနှစ်က စတင်ကာ ၁၅ နှစ် သက်တမ်းဖြင့် ငှားရမ်းလုပ်ကိုင်နေခြင်း ဖြစ်သည်။

စည်သူလင်း
No.1631 Sunday, November 19, 2017
http://www.7daydaily.com

Your rating: None Average: 5 (1 vote)

Top Rated News

မိုဘိုင်း App တစ်ခု စပြီး ရေးသားတော့မယ် ဆိုရင် ...
ကစားပွဲမှ လုပ်ငန်းခွင် ရောက်သွားသည့် လူငယ်များ
ကောလိပ်များကို လေးနှစ်သင်အဖြစ် သုံးနှစ်အတွင်း အပြီး ပြောင်းလဲမည်
ပိုက်ဆံစုမိစေဖို့ အကြံပြုချက် ၅ ချက်
တရားမဝင် သယ်ဆောင်လာသည့် နိုင်ငံခြားဖြစ် ဆေးဝါး ၂၁ မျိုးနှင့် ဆေးဘူး ၉၂ ဖာကို မန္တလေးမြို့ သီရိမန္တလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် ဖမ်းဆီးရမိ
ပါသွားပြန်ပြီ သိန်းပေါင်း ရှစ်သောင်းကျော် အွန်လိုင်းပေါ်က ငွေကြေး ရှယ်ယာလုပ်ငန်းတွေ အမြန်စိစစ်ပေးပါ
ဒေသတွင်းနိုင်ငံများ ပါဝင်သည့် ကွန်ပျူတာ ပရိုဂရမ်ကုတ် ရေးသားခြင်း ပြိုင်ပွဲစတင်
မြန်မာကုမ္ပဏီတွင် နိုင်ငံခြားရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုခြင်းက မတည်ရင်းနှီးငွေ အထောက်အကူပြုဟုဆို
စီးပွားရေးကဏ္ဍ ထိပ်ဆုံးဦးစားပေး သတ်မှတ်ပေးရန် အပါအဝင် အချက်လေးချက် ဆောင်ရွက်ရန် စီးပွားရေး ပညာရှင် ဦးမြင့်အကြံပြု
ဘွဲ့ရလျှင် အလုပ် သေချာသည့် ကမ္ဘာကြိုက် တက္ကသိုလ်များ