Photo

မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ

By 7Day News 19 November, 2017 - 23:15

မောင်တောမြို့ မြို့မတောင်ရပ်ကွက်ရှိ ဘင်္ဂါလီ နှစ်ဦးပိုင် ကွမ်းယာဆိုင်နှင့် ပစ္စည်း ထားသည့်ဂိုဒေါင်မှ ကျပ်နှစ်ဘီ လီယံခန့်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား တစ်သန်းခန့် ဖမ်းဆီးမိကြောင်း

မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောသည်။

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများကို တွေ့ရစဉ် (ဓာတ်ပုံ − ခရိုင်ရဲတပ်ဖွဲ့မှူးရုံး)

နိုဝင်ဘာ ၁၇ ရက်တွင် မူးယစ်ဆေးဝါး သတင်းအရ မောင်တောမြို့ မြို့မတောင်ရပ်ကွက်ရှိ ဘင်္ဂါလီတစ်ဦး၏ ကွမ်းယာဆိုင်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဖမ်းဆီးရမိကြောင်း ခရိုင်ရဲမှူးက ဆိုသည်။

‘‘ကွမ်းယာဆိုင်က ဆေးပြား သုံးသိန်းလောက် မိတယ်။ ဖမ်းမိတဲ့သူကို စစ်ဆေးတဲ့အခါ သူ့ရဲ့ ထွက်ဆိုချက်အရ မြို့မအရှေ့ ရပ်ကွက်က ပစ္စည်းထားတဲ့ ဂိုဒေါင်ကို သွားရှာဖွေတာ နောက်ထပ် ဆေးပြား ခြောက်သိန်း ရှစ်သောင်းကျော်ကို ဖမ်းမိတာဖြစ်ပါတယ်’’ ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။

မောင်တော ဒေသတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများကို အာရုံစိုက်နေရသဖြင့် မူးယစ်ဆေး ဖြန့်ဖြူးသူများက အခွင့်ကောင်းယူ၍ ရောင်းဝယ် ဖောက်ကားနေကြောင်း မောင်တော မြို့မိမြို့ဖတစ်ဦးက ပြောသည်။

ကွမ်းယာဆိုင် ပိုင်ရှင် (ဖမ်းမိ)နှင့် ဂိုဒေါင်ပိုင်ရှင် (ဖမ်း မမိ) တို့ကို မောင်တောမြို့မ ရဲစခန်းမှ မူး/စိတ်ပုဒ်မ ၁၅/ ၁၉ (က)/၂၁တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၃ ရက်က ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ညီကို နေအိမ်၌ ကျပ်နှစ်ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းခုနစ်သောင်းနှင့် အတူ သက်ဆိုင်ရာက ဖမ်းဆီးခဲ့ သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ မောင်တောမြို့နယ်တွင် ငါးရက်အတွင်း ကျပ်သုံးဘီလီယံကျော် (သိန်း သုံးသောင်းကျော်)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ သည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ ဇန်နဝါရီမှ ဇူလိုင်အထိ WY စိတ် ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၇,၃၆၈ ဘီလီယံကျော်ဖိုး ဖမ်းဆီး မိကြောင်း ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှူးရုံး စာရင်းများတွင် ဖော်ပြ သည်။

မောင်ကံ
Location - မောင်တော
No.1631 Sunday, November 19, 2017
http://www.7daydaily.com

Your rating: None Average: 5 (1 vote)

Top Rated News

ဒေသတွင်းနိုင်ငံများ ပါဝင်သည့် ကွန်ပျူတာ ပရိုဂရမ်ကုတ် ရေးသားခြင်း ပြိုင်ပွဲစတင်
မြန်မာကုမ္ပဏီတွင် နိုင်ငံခြားရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုခြင်းက မတည်ရင်းနှီးငွေ အထောက်အကူပြုဟုဆို
စီးပွားရေးကဏ္ဍ ထိပ်ဆုံးဦးစားပေး သတ်မှတ်ပေးရန် အပါအဝင် အချက်လေးချက် ဆောင်ရွက်ရန် စီးပွားရေး ပညာရှင် ဦးမြင့်အကြံပြု
ဘွဲ့ရလျှင် အလုပ် သေချာသည့် ကမ္ဘာကြိုက် တက္ကသိုလ်များ
နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲ ကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး
နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲ ကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး (၂)
မိုဘိုင်း App တစ်ခု စပြီး ရေးသားတော့မယ် ဆိုရင် ...
ကစားပွဲမှ လုပ်ငန်းခွင် ရောက်သွားသည့် လူငယ်များ
ကောလိပ်များကို လေးနှစ်သင်အဖြစ် သုံးနှစ်အတွင်း အပြီး ပြောင်းလဲမည်
ပိုက်ဆံစုမိစေဖို့ အကြံပြုချက် ၅ ချက်