Photo

သမီးဖြစ်သူ စီးရီးမှာ ပါဝင်သီဆိုပေးတဲ့ အငဲ

By 7Day News 10 October, 2017 - 11:22

အိုင်းရင်းခရော့စ်အဖွဲ့ ပင်တိုင် အဆိုတော်အငဲ၏ သမီး လမင်းခ၏ တစ်ကိုယ်တော် တေးစီးရီးကို အောက်တိုဘာ ၁၉ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။


‘‘ငယ်ငယ်လေးကတည်းက လမင်းသီချင်းဆိုရတာကို ၀ါသနာပါတယ်။ ဒါပေမဲ့ ဖေဖေကလည်း ပညာရေး အရင်ပြီးအောင်လုပ်။ ဘွဲ့ရပြီးမှ ဒီလမ်းကြောင်းကို စီစဉ်ပေးမယ်ဆိုတော့ ဘွဲ့ရပြီး ၂၀၁၄ မှာ ဒီအခွေတည်တယ်’’ဟု တစ်ကိုယ်တော်အခွေနှင့် ပတ်သက်၍ လမင်းခက ပြောသည်။

အခွေကို ‘ကူး ကူ’ဟု အ မည်ပေးထားပြီး သီချင်းခွေတစ်ခွေလုံး ပြီးစီးရန် သုံးနှစ်ခန့် အချိန် ယူခဲ့ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၁၀ ရက်တွင် ယင်းအခွေထဲမှ သီချင်းတစ်ပုဒ်၏ ဗီဒီယိုဖိုင်ကို အွန်လိုင်းတွင် တင်ပေးမည်ဟု ၎င်းက ဆိုသည်။

‘‘အဖေက အောင်မြင်တဲ့လူဖြစ်တဲ့အတွက် တာဝန်ကြီးပါ တယ်။ တစ်ခုခုချွတ်ချော်သွားရင်လည်း အဖေ့နာမည်ရှိနေတဲ့အတွက် မိဘလည်း မျက်နှာပျက်ရမှာဆိုတော့ သူများတွေထက်ပိုပြီး ကြိုးစားရပါတယ်’’ဟု လမင်းခက ပြောသည်။

အခွေတွင် သီချင်း ၁၂ ပုဒ် ပါဝင်ပြီး ဖခင် အငဲကိုယ်တိုင် ရေးသားပေးထားသည့် သီချင်းခြောက်ပုဒ်ပါဝင်ကာ ရွှေဂျော်ဂျော်၊ နိုင်းနိုင်နှင့် ဇ၀ါတို့ကလည်း သီချင်းနှစ်ပုဒ်စီ ရေးသားပေးထားသည်။

‘‘Title သီချင်းက ဦးနိုင်းနိုင် ရေးပေးထားတဲ့ သီချင်းလေးပါ။ ဒီနာမည်လေးပေးဖြစ်တာက လမင်းက နဂိုကတည်းက စကားလုံး ရှင်းရှင်းလင်းလင်းလေးကို ကြိုက်တာဖြစ်တဲ့အတွက် အခွေထဲက သီချင်းတွေကို ကြည့်လိုက်တဲ့အချိန်မှာ ဒီနာမည်လေးက ရှင်းရှင်းလင်းလင်း ဖြစ်နေတာကို သဘောကျလို့ Title Song လေး လုပ်လိုက်တာပါ’’ဟု လမင်းခက ‘ကူး .. ကူ’ဟု အမည်ပေးဖြစ်သည့် အကြောင်းကို ပြောသည်။

‘‘ပရိသတ်တွေကို ပြောချင်တာကတော့ သူတတ်နိုင်သလောက် ကြိုးစားတာလေးကို တစ်ချက်လေးတော့ကြည့်ပြီးမှ အကဲဖြတ်လိုက်ပါလို့။ လုံးဝမကြည့်ဘဲ ထားတာထက် တစ်ချက်လေး နားထောင်ကြည့်ပြီးမှ မကြိုက်ရင်လည်း ပစ်ထားလိုက်ပါ။ ကြိုက်ရင်လည်း နားထောင်လိုက်ပါ’’ဟု သမီးနှင့်ပတ်သက်၍ အငဲက ပြောသည်။ ယင်းအခွေတွင် ဖခင် အငဲနှင့် သီချင်းတစ်ပုဒ် သီဆိုထားသလို ညီမ မိုးမခနှင့်လည်း သီချင်းတစ်ပုဒ် သီဆိုထားကြောင်း လမင်းခက ပြောသည်။

‘‘အဖေနဲ့ သီချင်းက ပြေးလာမယ်လို့ အမည်ရပါတယ်။ ဒီသီချင်းက ရွေးထားတာလည်း ကြာပြီ။ ငယ်ငယ်ကတည်းက ဂစ်တာနဲ့ အဖေနဲ့သမီးနဲ့ ဆိုလေ့ရှိတဲ့ သီချင်းလေးပါပဲ’’ဟု ဖခင် အငဲနှင့် သီဆိုထားသည့် သီချင်းအကြောင်းကို ပြောသည်။

တေးစီးရီးခွေကို ယခင်က အောက်တိုဘာ ၁၀ ရက်တွင် ဖြန့် ချိရန် စီစဉ်ခဲ့သော်လည်း ရုံးပိတ် ရက်များနှင့် အခွေလက်စသတ်ရန် ကျန်နေသေးခြင်းတို့ကြောင့် အောက်တိုဘာ ၁၉ ရက်မှစတင် ဖြန့်ချိမည်ဖြစ်သည်။

ဇွဲဥာဏ်
http://www.7daydaily.com

Your rating: None Average: 5 (1 vote)

Top Rated News

မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ
MIC ခွင့်ပြုသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသား ခန့်ခြင်းကို အသိမပေးပါက အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူမည်
Microsoft ၏ ပညာရေးအစီအစဉ်သစ် Minecraft
ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိ မြန်မာ သတင်းထောက်တွေ ဘာကြောင့် မသွားသလဲ
ဒေါ်နယ်ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီး ရည်ရွယ်ချက်
Mobile User Guide
ဖုန်းဘက်ထရီ အသုံးခံစေဖို့
ဒစ်ဂျစ်တယ် ဆေးပြားများကို အမေရိကတွင် FDA က ပထမဆုံး အသိအမှတ်ပြု
နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင် ဒေသအနှံ့ မြူထူထပ်စွာ ကျဆင်းမည်
ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်