Photo

ခရီးသွား ဧည့်သည် ဝင်ရောက်မှု ယမန်နှစ် ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်

By Myanmar Times 9 October, 2017 - 20:41

ယခု၂ဝ၁၇ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည် အရေအတွက်သည် ၂ဒသမ၂၇သန်းရှိခဲ့ပြီး ထိုအရေအတွက်သည် ယမန်နှစ် အလားတူကာလကထက် ၂၂ရာခို င်နှုန်းတိုး လာခဲ့ကြောင်း

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းစင်တာ(၂)တွင် အောက်တိုဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့သော ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

''၂ဝ၁၇ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွားဧည့်သည် ၂ ဒသမ ၂၇သန်းရှိပြီး ယခင်နှစ်ရဲ့ အလားတူကာလနဲ့ နှိုင်းစာလျင် ၂၂ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်''ဟု ၄င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၆ခုနှစ်တွင် ခရီးသွား ဧည့်သည် ၂ ဒသမ ၉သန်းသာ ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၃ ဒသမ ၅ သန်းအထိ ဝင်ရောက်ရန် မျှော်မှန်းထားသကဲ့သို့ လက်ရှိ စာရင်းများအရလည်း ယမန်နှစ်ထက် ပိုမိုဝင်ရောက်နေကြောင်း တွေ့ရသည်။

ယမန်နှစ်က ဝင်ရောက်ခဲ့သော ခရီးသွားဧည့်သည်၂ဒသမ၉သန်းမှ နိုင်ငံ့ဝင်ငွေအဖြစ် အမေရိကန်ဒေါ် လာ သန်းပေါင်း ၂၂၂ဝ(၂ဒသမ၂၂ဝဘီလီယံ)ခန့်ရရှိခဲ့ပြီး နိုင်ငံအတွက်နေ့စဉ် ဒေါ်လာ ၆ သန်းခန့်ရရှိနေသည့် သဘောဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာ(ကြေးမုံ)တွင် ဖော်ပြထားသည်။ သို့သော် လည်း မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည် ဝင်ရောက်မှု အရေအတွက်သည် အာဆီယံနိုင်ငံများအတွင်း အလွန် နည်းနေသေးကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံက ခရီးသွားဧည့်သည်သန်း၃ဝ၊ မလေးရှားနိုင်ငံက၂၃သန်း၊ စင်ကာပူနိုင် ငံက ၁၆သန်းခန့်စသည်ဖြင့် ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ထူးခြားဆန်းပြားသည့် နေရာများရှိနေသည့်ပြီး သဘာဝ အလှတရားများနှင့် တောရိုင်းတိရစ္ဆာန်များပေါများသည့်အပြင် ဆီးနှင့်ဖုံးလွှမ်းနေသော ဒေသများ၊ ရှေးဟောင်းအမွေအနှစ်ဇုန်များ၊ သဘာဝအတိုင်းရှိနေသေးသည့် ပင်လယ်ကမ်းရိုးတန်းများ ရှိနေသောကြောင့် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဒုတိယ သမ္မတက ဆက်လက် ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံကို ကမ္ဘာက လူသိနည်းသေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေကို သွားရောက်လည်ပတ်ဖို့ အစစအရာရာ အဆင်ပြေချောမွေ့အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်''ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ခရီးစဉ်ဒေသများ ရေရှည် တည်တံ့ရေးအတွက် ခရီးသွား ဧည့်သည်များကလည်း တာဝန်သိစိတ်ဖြင့် ခရီးသွားကြဖို့ အရေးကြီးသည်ဟု ဆိုသည်။

''ခရီးသွားလုပ်ငန်းဟာ ကျယ်ပြန့်ပြီးတော့ ကဏ္ဍပေါင်းစုံအပေါ် သက်ရောက်မှုရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အစိုးရနဲ့ ပုဂလိက ပိုမိုပူးပေါင်း ဆောင်ရွက်ကြဖို့လိုပါတယ်''ဟု ပြောသွားခဲ့သည်။

ထို့အပြင် အခြား သောအစိုးရ ဌာနများအနေဖြင့်လည်း ခရီးသွားလုပ်ငန်း တိုးတက်လာရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရေး တိုက်တွန်းကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသည် အခြားသောဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကျွန်းပေါင်း ၈ဝဝ ကျော်ရှိသည့် မြိတ်ကျွန်းစုအား သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကျေးလက်ဒေသများတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း၊ ကမ္ဘောဒီးယား နိုင်ငံနှင့် ပူးပေါင်းပြီး ပုဂံနှင့်ဆီရမ်ရိ(ပ်)အကြား 'ရှေးဟောင်း အမွေအနှစ် မြို့တော်နှစ်ခု-ခရီးစဉ်ဒေသတစ်ခု' အဖြစ် ပူးပေါင်းဆောင်ရွက်နေမှုများ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေလျက် ရှိရာ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၁၇၉ဝ ဒသမ ဝ၉၄ သန်း၊ ထိုင်းနိုင်ငံက ကန် ၄၄၅ ဒသမ ၆၃ဝ သန်း၊ ဗီယက်နမ်နိုင်ငံက ၄၄ဝ သန်း၊ ဟောင်ကောင်က ၁၈၇ ဒသမ ၇ သန်း၊ ကိုရီးယားနိုင်ငံက သန်း ၁ဝဝ၊ ဂျပန်နိုင်ငံ က ၇၃ ဒသမ ၆၆၅ သန်း၊ မလေးရှားနိုင်ငံက ၂၃ ဒသမ ၁၃၆ သန်း၊ ဗြိတိန်နိုင်ငံက ၁၄ သန်းခွဲ၊ လူဇင်ဘတ်နိုင်ငံ က ၅ ဒသမ ၂ သန်း၊ ယူအေအီးနိုင်ငံက ၄သန်းခွဲ စသည်ဖြင့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ထူသန့်

https://www.facebook.com/themyanmartimes

Your rating: None Average: 5 (1 vote)

Top Rated News

Mobile User Guide
ဖုန်းဘက်ထရီ အသုံးခံစေဖို့
ဒစ်ဂျစ်တယ် ဆေးပြားများကို အမေရိကတွင် FDA က ပထမဆုံး အသိအမှတ်ပြု
နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင် ဒေသအနှံ့ မြူထူထပ်စွာ ကျဆင်းမည်
ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်
မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ
MIC ခွင့်ပြုသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသား ခန့်ခြင်းကို အသိမပေးပါက အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူမည်
Microsoft ၏ ပညာရေးအစီအစဉ်သစ် Minecraft
ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိ မြန်မာ သတင်းထောက်တွေ ဘာကြောင့် မသွားသလဲ
ဒေါ်နယ်ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီး ရည်ရွယ်ချက်