Photo

နှစ် (၇ဝ) ပြည့် အာဇာနည်နေ့ မြင်ကွင်းများ

By Yatanarpon 19 July, 2017 - 11:28

နှစ် (၇ဝ) ပြည့် အာဇာနည်နေ့ မြင်ကွင်းများ သတင်း ဓါတ်ပုံ အချို့ကို စုစည်း တင်ပြပါသည်။

 

အောင်လံမြို့ အာဇာနည်နေ့ အခမ်းအနား ပြင်ဆင်ထားမှုနှင့် ဗိုလ်ချုပ်ကြေးရုပ် ညမြင်ကွင်း...





Credit - မျိုးကြီး ( Colorful )
https://www.facebook.com/colorfulphotostudio/


ရန်ကုန်မြို့ အာဇာနည်ဗိမာန် အာဇာနည်နေ့ အခမ်းအနား

ရန်ကုန်မြို့ အာဇာနည်ဗိမာန် တွင် ကျင်းပသော နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက် အလေးပြုခဲ့ကြသည်။

အာဇာနည်ခေါင်းဆောင်ကြီးများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက တက်ရောက် ဂါရဝပြု ကန်တော့ခဲ့ကြသည်။

ထို့အတူ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက် ဂါရဝပြုခဲ့ကြသည်။





သတင်း - ထက်အာကာကျော်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
https://www.facebook.com/7daynews/


မကွေးမြို့မှ အာဇာနည်နေ့ အခမ်းအနား

နှစ်(၇၀)​​မြောက်​ အာဇာနည်​​နေ့ အခမ်းအနားကို မ​ကွေးမြို့ ဗိုလ်​ချုပ်​​ကြေးရုပ်​ ပန်းခြံတွင်​ ပြုလုပ်​ကျင်းပခဲ့ရာ မ​ကွေးတိုင်း ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညို နှင့်​ ဝန်​ကြီးများ၊ ဌာနဆိုင်​ရာများက ချီတက်​လွမ်းသူပန်း​ခွေချ အ​လေးပြုကြသည်​။

အ​ခြေခံပညာ​ ကျောင်းသား၊​ ကျောင်းသူများ၊ တက္ကသိုလ်​ အသီးသီးမှ ​ကျောင်းသား သမဂ္ဂများ၊ အရပ်​ဖက်​ အဖွဲ့အစည်းများ၊ ​ဒေသခံ ပြည်​သူလူထုများကလည်း အခမ်းအနားသို့ လာ​ရောက်​ လွမ်းသူပန်း​ခွေချ အ​လေးပြုကြသည်​။





ဓာတ်ပုံ-မိုးကျော်
https://www.facebook.com/7daynews/

Your rating: None Average: 5 (1 vote)