Photo

သရုပ်ဆောင်တွေ ဆိုတာ သဏ္ဍန်လုပ် သရုပ်တူရမယ် ဆိုတဲ့ မယ်လိုဒီ

By 23 September, 2011 - 10:53

သရုပ်ဆောင် မယ်လိုဒီနဲ့ မဆုံဖြစ်တာ ကြာပါပြီ။ လွန်ခဲ့သော နှစ်လခန့်က ဒါရိုက်တာ ကိုသီ ရိုက်တဲ့ ဗီဒီယို ရိုက်ကွင်းကို ရောက်ခဲ့ပေမယ့်  အဲဒီကားက တစ်ရက်ပဲ ရှိပြီး ပျက်သွားတာမို့ သတင်းလည်း မရေးဖြစ်ပါဘူး။ ခုတစ်ပတ် မယ်လိုဒီနဲ့ ဆုံဖြစ်တဲ့အခါ အတော်လေး စလင်းဘော်ဒီ ဖြစ်နေတာ တွေ့ရပါတယ်။

ခုလောက် ပိန်သွားတာ စိတ်ခံစားမှုနဲ့ ဆိုင်လား ဆိုတဲ့ ပထမဆုံး မေးခွန်းကိုတော့ “အမှန်အတိုင်း ဖြေရရင် ခု မျိုးပျော်နေပါတယ်” လို့ ဖြေခဲ့ပါတယ်။ နေမင်း၊ မယ်လိုဒီ အတွဲကား ဖြစ်တဲ့ “တွယ်ငင်နှောင်ရစ် အချစ်စစ်” ဗီဒီယိုကား ပရိသတ် အကြိုက်မတွေ့တဲ့ အပေါ် “မျိုးက ဝါရင့် သရုပ်ဆောင်လည်း မဟုတ်ပါဘူး။ အဲဒီအတွက် ဘာကြောင့် ဆိုတာမျိုးလည်း မသုံးသပ်တတ်ပါဘူး။ ရိုက်တဲ့ အချိန်တုန်းကတော့ ဒါရိုက်တာ သင်ပြတဲ့အတိုင်း မျိုးလုပ်နိုင်သလောက် လုပ်ခဲ့ပါတယ်။ ပရိသတ် ကြိုက်တဲ့ကားတွေ ရှိသလို မကြိုက်တဲ့ ကားတွေလည်း ရှိနိုင်တာပဲလေ။ မျိုးတို့ဘက်က ထပ်ကြိုးစားရဦးမယ် လို့ပဲ နားလည်ထားပါတယ်” လို့ ပါးပါးနပ်နပ် ဖြေသွားခဲ့ပါတယ်။ နေမင်းနဲ့ မယ်လိုဒီ အတွဲညီခဲ့တဲ့ “ကုက္ကိုလ်တန်းက စာဥအလွမ်း ၂” ရိုက်ရန် မရှိဘဲ မကြာမီ ထွက်ရှိလာမယ့် ဒါရိုက်တာ ကိုကြီးအောင်အေးရဲ့ “ရပ်ကွက်ထဲကနေ့၊ ရပ်ကွက်ထဲကည” ကားမှာ နေမင်းကို ပါးနှစ်ချက် ရိုက်လိုက်တာ ထိသွားလား ဆိုတဲ့ မေးခွန်းကိုတော့ “မျိုးတို့ သရုပ်ဆောင်တွေ ဆိုတာက သဏ္ဍာန်လုပ် သရုပ်တူရတာပါပဲ” လို့ ဖြေခဲ့ပါတယ်။ တကယ် ရိုက်ပါဆိုလည်း ရိုက်မှာ မဟုတ်တဲ့ မယ်လိုဒီလို့လည်း နားလည်လိုက်ပါတယ်။ မယ်လိုဒီရဲ့ မွေးနေ့က စက်တင်ဘာ ၆ ရက်နေ့ပါ။ သို့သော် ၄ ရက်နေ့က တနင်္ဂနွေနေ့ ဖြစ်တာကြောင့် ဇာတိ တွံတေးကို ပြန်ပြီး ဘုရားကျောင်းတက်ကာ ဘာသာရေး အလှူများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

No votes yet