Photo

Mobile User Guide

By Mobile Guide 19 November, 2017 - 23:53

အင်တာနက်မှာ ဗဟုသုတများစွာ ရှိပါတယ်။ အဲဒီဗဟုသုတများကို အင်တာနက်မလိုဘဲ အချိန်မရွေး ပြန်လည်လေ့လာနိုင်ဖို့အတွက် ဖိုင်များ ကိုဒေါင်းလုပ် လုပ်ထားရမှာပါ။

ဒီတစ်ပတ် Mobile User Guide ကဏ္ဍမှာ ဖိုင်အမျိုးအစား အားလုံးကို ဒေါင်းလုပ် လုပ်ပေးနိုင်တဲ့ GetThemAll၊ ဘာသာ စကားလေ့လာနိုင်တဲ့ Hello Pal နဲ့အကြောင်းအရာအပေါ် အခြေခံ၍ စကားပြောနိုင်တဲ့ GUP – Topic based Group Chat တို့ကို ဖော်ပြပေးလိုက်ပါတယ်။

<GetThemAll>

GetThemAll က Download Manager App ဖြစ်ပြီး Videos, Musics, Pictures အပါအ၀င် အခြားဖိုင်အမျိုးအစားများကို ဒေါင်းလုပ် ရယူပေးနိုင်ပါတယ်။ App ကို Android နဲ့Windows Phone တို့အတွက် ထုတ်လုပ်ပေး ထားပါတယ်။ Text Files, PDF Documents များကိုတောင် ဒေါင်းလုပ် လုပ်ပေးနိုင်ပါတယ်။ဖုန်းမှာဒေါင်းလုပ် လုပ်ထားတဲ့ ဖိုင်များကို ပီစီနဲ့ Cloud Storage များထံ ပြောင်းရွှေ့နိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ ကိုယ်ပိုင်Web Browser ပါရှိတဲ့အတွက် အခြားWeb Browser များ ကနေ ဒေါင်းလုပ်ပြုလုပ်၍ မရတဲ့ဖိုင်များကို ကိုယ်ပိုင် Browser ကနေ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ Web စာမျက်နှာတစ်ခုက ဖိုင်များအားလုံးကို ဒေါင်းလုပ် လုပ်ပေးနိုင်တဲ့ စွမ်းရည်လည်း ပါရှိပါတယ်။ ဖိုင်အမျိုးအစား များကို ရွေးချယ်ပြီး ဒေါင်းလုပ်လုပ်နိုင်တဲ့ Filter စွမ်းဆောင်ချက် ပါရှိပါတယ်။ ဖိုင်များစွာကို ရွေးချယ်ပြီး Download Button ကိုနှိပ်တာနဲ့ တစ်ပြိုင်နက် ဒေါင်းလုပ် လုပ်ပေးတဲ့ Batch Download စွမ်းရည် ပါရှိပါတယ်။ ဖိုင်များကို GetThemAll ဖိုဒါရဲ့ ဖိုဒါခွဲတစ်ခုဖြစ်တဲ့ Downloaded ဖိုဒါထဲမှာ သိမ်းဆည်း ပေးထားပါတယ်။ Options အောက်ရှိ Get All Tab အောက်မှာ ဖိုဒါ အမည်များ ဒေါင်းလုပ်ပြုလုပ်တဲ့ ရက်စွဲများ ထည့်သွင်းဖို့ သတ်မှတ်နိုင်ပါတယ်။ WiFiဆက်သွယ်မှုကနေ ဖုန်းမှာ ဒေါင်းလုပ် လုပ်ထားတဲ့ ဖိုင်များကို Windows, Linux Computer များ၊ Google Drive လို Cloud Storage များသို့ အပို Software တစ်ခုဖြစ်တဲ့ GetThemAll Receiver ကနေ တစ်ဆင့် ပေးပို့ နိုင်ပါတယ်။ အပိုဆော့ဝဲကို အင်စတောလုပ်ပြီးတာနဲ့ Device များကို တူညီတဲ့ WiFi ကွန်ရက်မှာ ချိတ်ဆက်ပြီး Receiver Software ကိုဖွင့်ပါ။ ဒါဆိုရင်Device များမှာ Synchronization ပြုလုပ်ဖို့အတွက် IP Address နဲ့ Password ကိုရရှိမှာ ဖြစ်ပါတယ်။ Setup လုပ်ပြီးတာနဲ့ Files Tab အောက်မှဖိုင်၊ဖိုဒါတစ်ခုကို ဖိထားရင် Options Menu ကို ပြသပေးမှာ ဖြစ်ပါ တယ်။ Upload Option ကိုနှိပ်ပြီး Transfer to PC ကိုရွေးချယ်ရင် ပီစီထံ ဖိုင်များကို ပေးပို့ပေးမှာ ဖြစ်ပါတယ်။အဲဒီ Menu ကနေပဲ Google Drive နဲ့ အခြား Cloud Storage များထံ ပေးပို့နိုင်ပါတယ်။

<Hello Pal>

 



Hello Pal က ဘာသာစကားမျိုးစုံကို လေ့လာနိုင်မယ့် Social Language Learning App တစ်ခုဖြစ်ပါတယ်။ App ကနေ နိုင်ငံရပ်ခြားမှ ဘာသာစကား မတူတဲ့ လူမျိုးများနဲ့ စကားပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ App မှာTranslation Tools များစွာ ပါတဲ့အတွက် ဘာသာစကားမတူတဲ့ လူမျိုးများဟာ တစ်ယောက်နဲ့ တစ်ယောက် လွယ်ကူစွာ ပြောဆိုဆက်သွယ်နိုင်တာ ဖြစ်ပါတယ်။ Hello Pal ရဲ့အဓိက ရည်ရွယ်ချက်ကတော့ အွန်လိုင်းကနေ ဘာသာစကားမတူတဲ့ လူများတိုက်ရိုက် စကားပြောပြီး ဘာသာစကားသင်ယူဖို့ ဖြစ်ပါတယ်။ Phrasebooks နဲ့ဘာသာပြန် စွမ်းဆောင်ချက်များ ပါရှိပါ တယ်။ ဥပမာအားဖြင့် ပြင်သစ်စကား လေ့လာချင်သူများအတွက် သူငယ်ချင်းများ ကိုရှာဖွေရာမှာ လူမျိုး၊ တည်နေရာ၊ ဘာသာစကား၊ အသက်၊ လိင်စတဲ့ Filter များကို အသုံးပြုနိုင်ပါတယ်။စကားပြောနိုင်သလို စာပေးပို့ခြင်း၊ ဓာတ်ပုံများ ပေးပို့ရယူခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

<GUP – Topic based Group Chat>

 


GUP မှာအကြောင်းအရာ အပေါ် အခြေခံတဲ့ Group Chat များစွာမှာ ၀င်ရောက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင် Group Chat များကိုလည်း Private or Public အနေနဲ့ ဖန်တီးနိုင်ပါတယ်။ မြို့နဲ့နိုင်ငံ အလိုက် Group တွေကို ရှာဖွေနိုင်သလို Global Group တွေမှာလည်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ GUP ကို စတင်အသုံးပြုဖို့ အကောင့်တစ်ခု ဖန်တီး ရမှာဖြစ်ပြီး သဘောသဘာဝကိုသိဖို့ အတွက် အကြံပြုထားတဲ့ Group တွေကို Join ရမှာ ဖြစ်ပါတယ်။ Group တစ်ခုထဲမှာတော့ Feed အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး ပို့စ်တစ်ခုကို Favorite အဖြစ် သတ်မှတ်နိုင်သလို ကွန်းမန့်ရေးတာ၊ လူမှုကွန်ရက်တွေမှာမျှဝေတာ၊ ပို့စ်တင်တာတို့ကို ပြုလုပ်နိုင်ပါတယ်။ Chat ပြုလုပ်ရာမှာတော့ စာသားများ၊ ဓာတ်ပုံများ၊ Emojiများ၊ စက္ကန့်သုံးဆယ်စာ အသံMessage များကိုထည့်သွင်းနိုင်ပါတယ်။ ပျော်စရာကောင်းတဲ့ Memes နဲ့ဟာသ Group ဖြစ်တဲ့LOL လိုGroup တွေ၊ ကိုယ်လက်ကြံ့ခိုင်ရေး Group တွေများစွာရှိပါတယ်။ Group များအပြင် အခြား User များကိုလည်း App မှာရှာဖွေနိုင်ပါတယ်။

သူရနောင်

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Your rating: None Average: 5 (1 vote)

Top Rated News

ဒေသတွင်းနိုင်ငံများ ပါဝင်သည့် ကွန်ပျူတာ ပရိုဂရမ်ကုတ် ရေးသားခြင်း ပြိုင်ပွဲစတင်
မြန်မာကုမ္ပဏီတွင် နိုင်ငံခြားရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုခြင်းက မတည်ရင်းနှီးငွေ အထောက်အကူပြုဟုဆို
စီးပွားရေးကဏ္ဍ ထိပ်ဆုံးဦးစားပေး သတ်မှတ်ပေးရန် အပါအဝင် အချက်လေးချက် ဆောင်ရွက်ရန် စီးပွားရေး ပညာရှင် ဦးမြင့်အကြံပြု
ဘွဲ့ရလျှင် အလုပ် သေချာသည့် ကမ္ဘာကြိုက် တက္ကသိုလ်များ
နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲ ကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး
နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲ ကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး (၂)
မိုဘိုင်း App တစ်ခု စပြီး ရေးသားတော့မယ် ဆိုရင် ...
ကစားပွဲမှ လုပ်ငန်းခွင် ရောက်သွားသည့် လူငယ်များ
ကောလိပ်များကို လေးနှစ်သင်အဖြစ် သုံးနှစ်အတွင်း အပြီး ပြောင်းလဲမည်
ပိုက်ဆံစုမိစေဖို့ အကြံပြုချက် ၅ ချက်