Photo

Kpop Idols တို့ရဲ့ လျှို့ဝှက်သော အချစ်ဇာတ်လမ်းများ

By 8 Days Journal 16 October, 2015 - 16:45

F4 မင်းသား ကင်ဟွန်ဂျောင်ရဲ့ လျှို့ဝှက် အချစ်ဇာတ်လမ်း ထွက်ရှိလာခဲ့ပြီးနောက် တခြားသော ကိုရီးယား အနုပညာရှင်တွေရဲ့ အချစ် ဇာတ်လမ်းလေးတွေလည်း ပေါ်လာကြပါတယ်။  ဥပမာ- Idol ယောက်ျားလေး အဖွဲ့က မောင်စာကလေးနဲ့ Idol မိန်းကလေးအဖွဲ့က မယ်ခခွေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ သူတို့ ဇာတ်လမ်းရဲ့ အသေးစိတ်လေးကတော့ ဒီလိုပါ။

မောင်စာကလေးနဲ့ မယ်ခခွေး

မောင်စာကလေးနဲ့ မယ်ခခွေးတို့ဟာ လွန်ခဲ့တဲ့ နှစ် (၂၀၁၄) ခုနှစ်က တိုကျိုမြို့က ဟိုတယ်တစ်ခုမှာ အတူတူနေခဲ့ကြတယ်။ မယ်ခခွေးဟာ သူ့အဖွဲ့နဲ့ ဂျပန်မှာ ဖျော်ဖြေရေး လုပ်ဖို့ရှိတယ်။ ဒါပေမဲ့ သူ့အဖွဲ့နဲ့အတူ ဂျပန်ကို မသွားဘဲ တစ်ရက်စောပြီး သွားတယ်။ ဂျပန်က သူတို့ တည်းမယ့် ဟိုတယ်မှာ သူ့နာမည်နဲ့ နောက်ထပ်တစ်ခန်းထပ်ပြီး ဘွတ်ကင်လုပ်ထားတယ်။ ပြီးတော့ အဲဒီမှာ တစ်ရက်နေခဲ့တယ်။ နောက်တစ်နေ့ နံနက်လည်းကျရော သူ့အဖွဲ့ဝင်တွေဆီ ပြန်သွားတော့ ဟိုက နင်ဘယ်တွေ သွားနေလဲမေးတော့ လေ့ကျင့်ခန်း ထွက်လုပ်နေတာလို့ ဖြေခဲ့တယ်။ ဘာလေ့ကျင့်ခန်းလဲဆိုတာ သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် မသိခဲ့ရပေမယ့် အကျိုးဆက်အနေနဲ့ စင်ပေါ်မှာ ဖျော်ဖြေနေရင်း ဗိုက်အောင့်လို့ မူးမေ့လဲကျသွားခဲ့တယ်။ ဆေးခန်းပြတော့ ကာလသားရောဂါ ဖြစ်နေတာ တွေ့ရတယ်။ အဲဒီမှာတင် အေဂျင်စီက စိတ်လည်းဆိုးပြီး မယ်ခခွေးကို တင်းကျပ်ထားလိုက်တော့တယ်။ မယ်ခခွေးလည်း ဆေးကုသမှု ခံယူလိုက်ရတော့တယ်။ သူတို့အတွဲကို ပရိသတ်တွေ ပိုသိသွားရတဲ့ အကြောင်းရင်းက ဂန်းနမ်ကလပ်သွားတုန်း မောင်စာကလေးဟာ တခြားမိန်းမတွေနဲ့ တွဲပြီးလာတာမြင်လိုက်ရလို့ မယ်ခခွေးဟာ ကလပ်ရှေ့မှာ မောင်စာကလေးနဲ့ လူရှေ့မှာ ရန်ဖြစ်ခဲ့လို့ပါပဲ။

ဒီလိုပါပဲ။ အေဂျင်စီတွေ၊ အချိန်ဇယားတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ အနုပညာရှင်တွေရဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းသွယ်ပုံ၊ ခင်းပုံတွေဟာ တခြားသာ သာမန်လူတွေနဲ့ မတူပါဘူး။ သူတို့တွေဟာ အောက်ပါ နည်းလမ်းတွေကို အသုံးပြုပြီး လျှို့ဝှက်ထားလေ့ရှိကြပါတယ်။

ထိုးဖောက်မမြင်နိုင်မယ့် နေရာ

ကိုရီးယား အနုပညာရှင်တွေဟာ များသောအားဖြင့် ချိန်းတွေ့တဲ့အခါ လူမြင်ကွင်းတွေကို ရှောင်ရှားကြပါတယ်။ သူတို့အများဆုံး ချိန်းတွေ့လေ့ ရှိတဲ့နေရာကတော့ သူတို့အိမ်တွေ၊ ကားတွေနဲ့ ရုပ်ရှင်ရုံတွေမှာ ဖြစ်ပါတယ်။ အဲဒီနေရာတွေဟာ အကောင်းဆုံး ချိန်းတွေ့လို့ရတဲ့ နေရာတွေပဲ ဖြစ်နေပါတယ်။ သူတို့အကြိုက်ဆုံးနေရာကတော့ မြေအောက်ထပ် ကားပါကင်ထဲက ကားထဲမှာ လီနာယောင်း၊ ဝန်ဘင်၊ ကင်မင်ဟီး၊ ဂျိုအင်ဆောင်၊ ယွန်းနာ၊ လီဆောင်ဂီ၊ လီမင်ဟိုနဲ့ ဆူဇီတို့ဟာ အဲဒီလိုနေရာတွေမှာ ချိန်းတွေ့ခဲ့ကြပါတယ်။

အပန်းဖြေခရီးစဉ်များ

သူတို့အတွက် နောက်ထပ် အဆင်ပြေတဲ့နေရာကတော့ နိုင်ငံရပ်ခြားအပန်းဖြေခရီးစဉ်တွေပါပဲ။ မင်းသား ကင်ဘမ်းနဲ့ မွန်ဂိုယောင်းတို့ဟာ Goddess of Fire ဇာတ်ကား ပြီးတဲ့အချိန်မှာ ဥရောပကို အတူတူခရီးထွက်သွားခဲ့ကြတယ်။ မင်းသား ဂျန်ဝူးဆောင်နဲ့ မင်းသမီး လီဂျီအာတို့ဟာလည်း ဥရောပကို အတူတူ ခရီးထွက်သွားခဲ့ကြတယ်။ မင်းသား ဂျန်ဝူးဆောင်နဲ့ မင်းသမီး လီဂျီအာတို့ဟာလည်း ဥရောပကို အတူတူ ခရီးသွားခဲ့ကြတယ်။ အခုလက်ထပ်သွားခဲ့ကြပြီဖြစ်တဲ့ မင်းသား လီဗြောင်ဟွန်းနဲ့ မင်းသမီး လီမင်ဂျန်တို့ဟာလည်း လော့စ်အိန်ဂျယ်ကို ရက်ရှည်လများ ခရီးထွက်ခဲ့ကြတယ်။ မင်းသမီး ဂျွန်ဂျီဟွန်းနဲ့ သူ့ရဲ့ အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်တဲ့သူနဲ့ ရောမကို ခရီးအတူ ထွက်သွားခဲ့ဖူးကြတယ်။

မျက်နှာဖုံးများ

အနုပညာရှင်တွေကို အပြင်မှာ တွေ့တဲ့အခါ ရုတ်ခြည်းမမှတ်မိစေဖို့ သူတို့ဟာ ဖက်ရှင် accessories တွေကို ဆောင်ကြတယ်။ ဦးထုပ်တွေ၊ မျက်မှန်တွေ၊ လည်စည်းပဝါတွေကို ဆင်ယင်ကြတယ်။ တစ်ခါတလေ ပဝါနဲ့ မျက်နှာစည်းလာတာကို တွေ့ကြရလိမ့်မယ်။

သူငယ်ချင်းများ

အနုပညာရှင်တွေ ချိန်းတွေ့တဲ့အခါမှာ တစ်ခါတစ်လေကျရင် အောင်သွယ်တော်သူငယ်ချင်းတွေ လိုအပ်တဲ့အခါလည်း ရှိပါတယ်။ အဲဒီအခါကျရင် သူုတို့ဟာ အောင်သွယ်တော်သူငယ်ချင်းတွေနဲ့ အတူသွားလေ့ရှိကြတယ်။ ပြီးမှ နှစ်ကိုယ်တည်း တွေ့ကြတယ်။ အဆိုတော် လီဟိုရီဆိုရင် သူ့ထက်ငယ်တဲ့ အဆိုတော်ကောင်မလေးတွေ ချိန်းတွေ့တဲ့အခါမှာ အတူတူ လိုက်ပေးတယ်။ လီဟိုရီက "ကျွန်မရဲ့ ညီမအဆိုတော်လေးတွေ ချိန်းတွေ့တဲ့အခါမှာ ကျွန်မအိမ်ကို လာကြတယ်။ သူတို့လာရင် ကျွန်မက အိမ်ပြင်ထွက် ရှောင်ပေးလိုက်တယ်။ သူတို့ လွတ်လွတ်လပ်လပ်တွေ့လို့ရအောင်လေ" ဆိုပြီးပြောတယ်။ အဆိုတော် ဂျီနဂါးဆိုရင်လည်း ဂျပန်မော်ဒယ်နဲ့ မင်းသမီး မီဇူဟာရာကီကိုနဲ့အတူ ပါတီကို သွားတယ်။ ပြီးတော့ သူတို့နှစ်ယောက်ကို သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံရိုက်ပေးတယ်။

အိမ်မွေးတိရစ္ဆာန်နာမည်

အနုပညာရှင် အတော်များများဟာ သူတို့ချစ်သူရဲ့ ဖုန်းနံပါတ်ကို တိရစ္ဆာန်နာမည်တွေ ပေးတတ်ကြတယ်။ သူတို့ချစ်သူ မွေးထားတဲ့ ရက်ပါဂါရီဆိုရင် သူ့ချစ်သူ ဆောင်ဂျီဟို ဖုန်းနံပါတ်ကို ဆောင်ဂျီဟိုရဲ့ အိမ်မွေးတိရစ္ဆာန်နာမည် မြောင်ဂျီဆိုပြီး ပေးတယ်။ ဆောင်ဂျီဟိုကျတော့ ခန်ဂါရီဆိုပြီး ပေးထားတယ်။


သီဟပျံချီ

No votes yet